Mawkun The First In-depth and Investigative Magazine in Myanmar

လတ်တလော ဖြစ်ပွားလျက်ရှိပြီး ယခင်ကလည်း ဖြစ်ခဲ့ဖူးသော လူများစုအုပ်စုမှ လူနည်းစုအုပ်စု အပေါ် ဖိအားပေးခြင်းနှင့် နှစ်ဖက်သော အုပ်စုများ အကြား ပဋိပက္ခများကို အစိုးရ အနေနှင့် မည်သို့ ကိုင်တွယ် ထိန်းသိမ်းရမည်ကို ပဋိပက္ခ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးလေ့လာသူ မောင်နေလင်းအောင်၏ မှတ်ချက်

လူနည်းစုအုပ်စုဝင်ဖြစ်ဖြစ်၊ လူများစုအုပ်စုဝင်ဖြစ်ဖြစ် တရားဥပဒေကို လိုက်နာဖို့လိုပါတယ်။ အစိုးရအနေနဲ့လည်း တရား ဥပဒေစိုးမိုးရေးရရှိအောင် အခုလက်ရှိဆောင်ရွက်နေတဲ့ အနေအထားထက် ပိုပြီးတော့ အရှိန်အဟုန်မြှင့်တင်ဖို့ လိုအပ်မယ်လို့ယူဆပါတယ်။ ဒါကလည်း ဒေါ်အောင်ဆန်းစုကြည် တဖွဖွ သတိပေးနေတဲ့ အချက်ပါပဲ။

မကွေးတိုင်းဒေသကြီးတွင် ယခင်အစိုးရလက်ထက်က ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သန်းပေါင်း ခုနစ်ထောင်ကျော်ပျောက်ဆုံးနေမှုနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးမှ နောက်ကြောင်းပြန်မလှန်ရေးမူဝါဒအရ အရေးမယူဆိုသည့်အပေါ် အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်၏ မှတ်ချက်

သမ္မတကြီးဦးသိန်းစိန်အစိုးရလက်ထက် ဦးဆန်းဆင့် သိန်းတစ်ရာကိစ္စမှာ သိန်း၇ဝ က အစိုးရပိုက်ဆံဆိုပြီးတော့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄ဝ၉ အရတရားစွဲပြီးတော့ ပြစ်ဒဏ်ပေးခဲ့တာပဲ။ ဒါကတော့ ဥပဒေပြဋ္ဌာန်းချက်ပေါ့

YBSကိစ္စကိုရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင်လွှတ်တော်ကိုယ်စားလှယ်များကဆွေးနွေးသည့်နေ့တွင်ဝန်ကြီးချုပ် ခွင့်ယူသည့်အပေါ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာညိုညိုသင်း မှတ်ချက်

“ဝေဖန်တဲ့အသံဆိုရင် မကြားချင်ဘူးဆိုတဲ့ သဘောဆိုရင် ဒီမိုကရေစီစနစ်ကပေါက်ဖွားလာတဲ့ ဝန်ကြီးချုပ်လို့ ပြောဖို့ခက်မှာပေါ့။ ဥပဒေအရ ခွင့်တိုင်ခွင့်ရှိတာမှန်ပါတယ်။ သို့သော်လည်းဒီမိုကရေစီဝန်ကြီးချုပ်တစ်ယောက်ရဲ့ အကြီးဆုံးတာဝန်ဖြစ်တဲ့ ပြည်သူ့ အကျိုးစီးပွား၊ ပြည်သူ့အသံကို နားထောင်ခြင်းဆိုတဲ့အကြီးမားဆုံးဝတ္တရားကိုတော့ ပျက်ကွက်ခဲ့တယ်။”

မြန်မာနိုင်ငံမှာ လူမျိုးတုံး သတ်ဖြတ်မှု အမှန်တကယ် ဖြစ်နေပြီလား

အစိုးရတိုင်းဟာ သူတို့မှာရွေးချယ်စရာ ရှိတယ်ဆိုတာကို နားလည်ဖို့လိုပါတယ်။ လူနည်းစုတွေနဲ့ စကားပြောဆိုပြီး သူတို့အတွက် မျှတမှုကိုရှာမလား၊ ဒါမှမဟုတ် အကြမ်းဖက်မှုကိုဆယ်စုနှစ်နဲ့ချီပြီး ရင်ဆိုင်မလား။ ဆယ်စုနှစ်အတော်ကြာ ပဋိပက္ခဖြစ်ပြီးရင်တော့ ပဋိပက္ခဆက်မဖြစ်စေဖို့ အပြန်အလှန်ဆွေးနွေးတဲ့နည်းကို သုံးကြရပါလိမ့်မယ်။ ။

အမျိုးသားရေးအရေခြုံ အကြမ်းဖက်သမားတွေကိုသတိထားကြ

အမျိုးသားရေးအရေခြုံ အကြမ်းဖက်သမားတွေကိုသတိထားကြ

တင်းမာနေတဲ့အခြေနေကိုသိသိနဲ့ လူအုပ်ထဲကားမောင်းလာပြီး ဆဲပြေးတာဟာ တမင်ရည်ရွယ်ချက်ရှိရှိ ပဋိပက္ခဖြစ်အောင်လုပ်ဆောင်တယ်ဆိုတာထင်ရှားပါတယ်။

လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို စောင့်ရှောက်ကြ

မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေက အာမခံပေးထားသော်လည်း အင်အားနည်းသော ဘာသာဝင်များ၏ အဆိုပါအခွင့်အရေးမှာ အနည်းနှင့် အများဆိုသလို ခြိမ်းခြောက်ခံနေရသည်။ ကမ္ဘာပေါ်တွင် လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို အဆိုးရွားဆုံးချိုးဖောက်သည့် နိုင်ငံ ၁၀ နိုင်ငံစာရင်း၌ တရုတ်၊ အီရန်၊ ဆော်ဒီအာရေးဗီးယားတို့နှင့် အတူ မြန်မာနိုင်ငံ ပါဝင်နေလျက်ရှိသည်ဟု အပြည်ပြည်ဆိုင်ရာ ဘာသာရေး လွတ်လပ်ခွင့် – အမေရိကန်ပြည်ထောင်စုကော်မရှင်(USCIRF)၏ ၂၀၁၇ခုနှစ် အစီရင်ခံစာက ဖော်ပြထားသည်။ မကြာသေးခင်က ရန်ကုန်တိုင်းဒေသကြီး၊သာကေတမြို့နယ်ရှိ...

ကွတ်ခိုင်၊ အခြားများ၊ အမှတ်ရချက်များ(၂)

စစ်ပွဲသည် ယုတ်မာကြောင်း၊ ရက်စက်ကြောင်းကိုမူ ကျွန် တော် မပြောလိုတော့ပါ။ အမှန်တကယ် ငြိမ်းချမ်းရေးသည် နီးပါပြီလော။ ငြိမ်းချမ်းရေးကို ဘယ်သူတွေ သတ်ဖြတ်နေကြပါ သလဲ။ အားလုံး အသိပင်ဖြစ်ပါသည်။

ဒေါက်တာစိုင်းဦး ငြိမ်းချမ်းရေး၊ ဖက်ဒရယ်အရေးဆိုင်ရာ သုတေသနမှူး ပြည်ထောင်စု အင်စတီကျု နှင့် အင်တာဗျူး

NLD က အား အကောင်းဆုံး။ သူတို့ရဲ့ အားကောင်းတဲ့ အတိုက်အခံ မရှိကြဘူး။ တိုင်းရင်းသားအင်အားစုတွေက အရမ်းအားနည်းနေတယ်။ သူ တို့အသံတွေ မရှိတော့ ဒီမိုကရေစီဖော်ဆောင်တဲ့အခါမှာ အခက် အခဲတွေ အများကြီး ရှိနေတယ်။ တစ်ဖွဲ့ ဖွဲ့ကပဲအရမ်းလွှမ်းမိုးနေတဲ့ သဘောရှိတယ်။

လူထုတ် သက်ရှိစက်ရုပ်ဘဝများ

”ကိုယ့်နိုင်ငံက နိုင်ငံသားတွေအတွက် အလုပ်အကိုင် အခွင့်အလမ်း မရှာပေးနိုင်တော့ ဒီအတိုင်းထိုင်ပြီး အငတ်ခံနေလို့ မှ မရတာ။ နောက်တစ်ခုက စစ်ပွဲတွေ၊ ဒါတွေရှိနေသရွေ့ကတော့ ကျွန်တော်တို့ ဘယ်လောက်ပညာပေးပေး ကောင်းကောင်း မအိပ်ရ၊ ဗိုက်မဝရင် အပြင်ထွက်ဖို့ အားသန်နေဦးမှာပဲ”

ကလေးငယ်စွန့်ပစ်မှု မြင့်တက်လာတဲ့ မြန်မာ့လူ့အဖွဲ့အစည်း

ပြစ်မှုပြစ်ဒဏ်များအား ခေတ်ကာလနှင့် လျော်ညီအောင် တိုးမြင့်ပြင်ဆင်မှသာ ကလေး၏ အသက် ရှင်သန်ခွင့်ကို ချိုးဖောက်ကာ စွန့်ပစ်သည့်မိဘများအား ထိထိရောက်ရောက်အရေးယူ ဆောင်ရွက်နိုင်မည်ဟု လူမှု ဝန်ထမ်းဦးစီးဌာန၊ ရန်ကုန်တိုင်းဦးစီးမှူး ဦးမျိုးဆက်အောင်က ပြောသည်