မြင်းကပါမှ မြင်းမြီးယွန်းထည်ဖန်တီးရှင်

ပုဂံမြို့ဟောင်းအတွင်းရှိ မနူဟာဘုရားကျောင်းဆောင်ကြီး အနောက်ဘက်တွင် ပုဂံ၏ ကျော်ကြားလှသည့် ရွာတစ်ရွာ ရှိသည်။ သို့သော် ထိုရွာကလေး၏အမည်ကို ပုဂံသို့မရောက်သေးသူတိုင်းလည်း ကြားသိနိုင်ပါသည်။ ရွာအမည်က မြင်းကပါ ဖြစ်သည်။ မြင်းကပါရွာသို့သွားမည်ဆိုလျှင် မနူဟာဘုရားကြီး၏ဘေးဘက်ခြမ်း မြင်းကပါရွာသို့ဆိုသည့် ဆေးရောင်ခပ်မှိန်မှိန်သာ ရှိနေတော့သည့် ဆိုင်း ဘုတ်ကလေးရှိရာ လမ်းအတိုင်း ဝင်သွားရမည်ဖြစ်သည်။ ရွာလမ်း အတိုင်း နှစ်မိုင်ခန့် ဖြည်းဖြည်းမှန်မှန် လမ်းလျှောက်ပြီး ဘယ်ဘက်သို့ နှစ်ခါချိုးကွေ့လျှင် လမ်း၏လှည်းဦးတိုက်၊ လှေဦးတိုက် အနေ အထားမှာ ဝါးအသုံးပြု မြေစိုက်အိမ်အိုလေးတစ်လုံးကို တွေ့ရမည် ဖြစ်သည်။ အိမ်ရှင်ဖြစ်သူသည် အိမ်အိုကလေးကို ဝါးခြမ်းပြားလေး များကို ဆန်ခါကွက်သဖွယ်ခပ်ကျဲကျဲရက်ကာ ခြံစည်းရိုးပြုလုပ် ပြီး ကာရန်ထားသေးသည်။ အဆိုပါ အိမ်အိုကလေးနှင့် အတွင်း ဘက်ခြံစည်းရိုးတို့အကြား...

အယ်ဘမ်ထဲက ရွှေရောင်အတိတ်တွေ

လူတိုင်းမှာ ဓာတ်ပုံအဟောင်းတွေရှိနိုင်တယ်။ အထူးသဖြင့် ငယ်ဘဝဓာတ်ပုံတွေက ဇာတ်လမ်းတစ်ခုခုကို ရည်ရွယ်ချက်ရှိရှိ ပြောပြနေကြတာများတယ်။