လမ်းဆုံလား လမ်းဆုံးလား

NCA စာချုပ်ကို ပြည့်စုံကောင်းမွန် တယ်လို့ မယူဆကြဘူး။ NCA စာချုပ်ကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အကန့်အသတ် ဖြစ်လာရုံမက စစ်ပွဲတွေ ကျယ် ပြန့်လာပြီး အရှိန်အဟုန် ကြီးထွားမြင့်မားလာတယ်။

Myanmar Idol မဲပေးစနစ်များ ယုံကြည်ရသလား

  နှင်းကို-ရေးသည်။ ရန်ကုန် – မတ် ၂၀၁၇ အပတ်စဉ် ကြာသပတေး၊ သောကြာည ၉နာရီနဲ့ ၁၁နာရီကြား MNTV ရုပ်သံလိုင်းမှာထုတ်လွှင့်တဲ့ Myanmar Idol သီချင်းဆိုပြိုင်ပွဲ မဲရလဒ်တွေကို ပရိသတ်တစ်ဦးအနေနဲ့ ဘယ်လောက်ယုံကြည်ပါသလဲ။ မော်ကွန်းက ချဉ်းကပ်မေးမြန်းထားတဲ့ Myanmar Idol ပရိသတ် ၅၀ဦးအနက် ၃၆ဦး (၇၂ရာခိုင်နှုန်း)က မယုံကြည်ဘူးလို့ ဆိုကြပါတယ်။ ခြောက်ဦးကတော့ သူတို့အားပေးတဲ့သူက Top 3 (ထိပ်ဆုံးသုံးယောက်) စာရင်းမှာ ပါဝင်နေသေးတဲ့ အတွက် အပြည့်အ၀မယုံကြည်သော်လည်း ထွက်ပေါ်နေတဲ့ မဲရလဒ်ကိုလက်ခံနိုင်သေးတယ်လို့ ပြောကြပါတယ်။ ငါးဦးကတော့ မဲရလဒ်ဟာ ပြိုင်ပွဲစီစဉ်သူများရဲ့လက်ထဲမှာသာရှိပြီး လုံးဝအယုံအကြည်မရှိကြောင်း ပြောဆိုပါတယ်။ သုံးဦးကတော့ မြန်မာအိုင်ဒေါပြိုင်ပွဲကိုအစအဆုံးစောင့်ကြည့်တတ်ပြီး မဲစနစ်ကိုအယုံအကြည် မရှိတဲ့အတွက်...

မြန်မာတလွဲကားများရပ်

သင် ခန်းစာကောင်းများ၊ နမူနာများကို ဖော်ညွှန်းရိုက်ကူးပြကာ ပရိသတ်ကို သိမ်းသွင်းပြောင်းလဲပေးမည့် ဇာတ်လမ်းကောင်းများ ဖန်တီးသည့် သူရဲကောင်း ဒါရိုက်တာ၊ သရုပ်ဆောင်များ များများ ပေါ်ထွက်လာဖို့ မျှော်လင့်မိသည်။

ပေါင်ကျင့်ဟောက် ရှောက်စောန်းသာသနာ

ရှောင်စောန်းရွာမှာ တီးတိန်မြို့ အရှေ့ မြောက်ဘက် သုံးမိုင်ခန့်အကွာတွင် တည်ရှိ ပြီး ဆိုင်ကယ်လမ်းသာပေါက်သော ရွာငယ် တစ်ခုဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင် အထက် အမြင့်ပေ ၅ဝဝဝ ကျော်တွင် တည် ရှိသည့် အဆိုပါရွာငယ်လေးတွင် လူဦးရေ ၃ဝဝ ကျော် နေထိုင်ကြပြီး ၄င်းတို့အားလုံး မှာလည်း ၂ဝ ရာစုအတွင်း ပေါ်ပေါက်လာ သော တမန်တော် ပေါင်ကျင့်ဟောက်နှင့် ၄င်းစတင်တည်ထောင်ခဲ့သည့် ရှောင် စောန်းသာသနာကို ယုံကြည်သက်ဝင်သူ များ  ဖြစ်ကြသည်။     ရှောင်စောန်းဆိုသော အဓိပ္ပာယ် မှာ ချင်းဘာသာစကားဖြင့် အသန့်ရှင်း ဆုံးဟု အဓိပ္ပာယ်ရသည်။ တမန်တော် ပေါင်ကျင့်ဟောက်သည် ချင်းဘာသာ စကား၏ စာပေအရေးအသားနှင့်...

စွဲဆိုခံထားရသည့် အမှုကို သတင်းမီဒီယာကောင်စီမှ တဆင့် ဖြေရှင်းရန် ကိုဆွေဝင်းတောင်းဆို

ရန်ကုန်၊ မတ်-၁၅   ဟေမာန်ပြည့် ရေးသည်။    Myanmar Now သတင်းဌာနမှ အယ်ဒီတာချုပ် ကိုဆွေဝင်းအား ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ထားရာတွင် တိုင်ကြားချက်ပါ စွပ်စွဲချက်များ ခိုင်လုံမှု ရှိ၊ မရှိ သာသနာရေးဝန်ကြီးဌာနနှင့် သံဃမဟာနယကတို့၏ အကြံပြုချက်များကို ပြန်လည်တောင်းခံပြီးမှ သတင်းမီဒီယာကောင်စီမှတဆင့် ဖြေရှင်းရန် ကိုဆွေဝင်းက တောင်းဆိုလိုက်သည်။   ၄င်းအား ဦးကျော်မျိုးရွှေက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ထားသည့်အပေါ် မဟာအောင်မြေမြို့နယ် အမှတ်-၇ ရဲစခန်းမှ ရဲအုပ်ကျော်သူက မတ်လ ၁၅ ရက်တွင် မြန်မာဂျာနယ်လစ်ကွန်ယက်ရုံးခန်းတွင် လာရောက် စစ် ဆေးခဲ့ရာတွင် ကိုဆွေဝင်းက အထက်ပါတိုင်း တောင်းဆိုလိုက်ခြင်းဖြစ်သည်။   ကိုဆွေဝင်း၏ ရေးသားချက်သည်...

ရန်ကုန်သူနာပြုတက္ကသိုလ်မှ ကျောင်းသူ၊ ကျောင်းသား ၁၀၀၀ ကျော် ဆန္ဒပြ

  ရန်ကုန်၊ မတ်-၁၅   ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဖေဖော်ဝါရီ ၁ ရက်က ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်အပေါ် မကျေနပ်သဖြင့် ရန်ကုန်သူနာပြုတက္ကသိုလ်မှ ကျောင်းသူ၊ ကျောင်းသား ၁၀၀၀ ကျော်သည် ယနေ့ (မတ် ၁၅)တွင် ရန်ကုန်သူနာပြု တက္ကသိုလ်မှ မဟာဗန္ဓုလပန်းခြံအထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြသည်။   ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဖေဖော်ဝါရီ ၁ ရက်တွင် ‘ပုဂ္ဂလိကဆေးရုံများတွင် သူနာပြုနှင့် သားဖွား တက္ကသိုလ်/ သင်တန်းကျောင်းများမှ စာချုပ်ဖောက်ဖျက်သော သူနာပြုနှင့် သားဖွားများ ခန့်ထားခြင်း မပြုရန် ကိစ္စ’ ဟူသော ခေါင်းစဉ်ဖြင့် ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။   အဆိုပါ ထုတ်ပြန်ချက်တွင် ပုဂ္ဂလိက...

အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာညီလာခံနဲ့ ခရီးသွားလုပ်ငန်း အကျိုးအမြတ်

သာ သနာရေး ဆွေးနွေးသလို တစ်ဖက်မှာ အိန္ဒိယနိုင်ငံရဲ့ ခရီးသွား လုပ်ငန်းလည်း မြှင့်တင်တာ လုပ်တယ်။ ဘုန်းကြီးတွေက ဘုရား ရှင်နဲ့ ပတ်သက်တဲ့ သွားရောက်သင့်တဲ့ နေရာ၊ သွားရောက်နိုင်တဲ့ နေရာတွေကို ဒကာ၊ ဒကာမတွေကို ညွှန်ပြပေးနိုင်တာပေါ့”လို့ မိန့်ကြားပါတယ်။

သော့ပြင်ဆရာနှင့် အလကားလူတို့၏ အဆက်အစပ်

..စာမျက်နှာတွေက အလေးချိန်မဲ့ပေမယ့် ဖြစ်ရပ်နဲ့ ဇာတ်တွေက တန်နဲ့ချီရှိတန်ရာ။ လက်ရှိစာမျက်နှာသာ ကိုယ့် မျက်မှောက်မှာ ဖြစ်ပေမယ့် မမြင်ရတဲ့ စာမျက်နှာတွေကြား ဆက်သွယ်မှုကြိုးများရဲ့ ခိုင်မြဲတဲ့ နှောင်တည်းမှု ရှိတန်ရာ။

လွမ်းရယ်ပြုံးရ ငယ်ဘဝ

ကျွန်တော်ကတော့ ပြုံးမိ၊ ကြည်နူးမိ၊ ရယ်မော မိတာ အမှန်ပဲ။ တစ်ချိန်တုန်းက စိတ်ဒုက္ခရောက် ခဲ့တဲ့ တချို့ကိစ္စတွေဟာ အခုအချိန် ပြန်တွေးမိ တဲ့အခါ ရယ်စရာတွေ ဖြစ်သွားတတ်ပါတယ်။

ဦးလှမောင် စီးပွားရေးပညာရှင် နှင့် အင်တာဗျူး

ပညာရေးအတွက် ဘယ်လောက်၊ ကျန်းမာရေးအတွက် ဘယ် လောက်၊ ကာကွယ်ရေးအတွက် ဘယ်လောက်ဆိုတာကို မူနဲ့ကို ချထားရမှာ။ မဟုတ်လို့ရှိရင် မလိုအပ်ဘဲနဲ့ တိုးတိုးပြီး တောင်းတာ တွေ ဘာတွေ ဖြစ်ကုန်မယ်။ အဲဒီလိုဖြစ်တော့ ဘတ်ဂျက်လိုငွေ ပြမယ်၊ နောက် ဒေါ်လာဈေးလည်း တက်လာစေတယ်လေ။