Category: ခရီးသွားဆောင်းပါး

0

သားပူတူး အူဖြတ်မခံလိုပြီ ဘန်ကောက်တွင် ဆေးသွားကုရသည်

(ငါးနှစ်အရွယ်ကလေးတစ်ယောက်ကို အူမှာ မွေးကတည်းက အာရုံကြောတွေ ပါမလာတာကြောင့် အူဖြတ်၊ ဗိုက်ဖောက်ပြီး အူကျင့်နေတဲ့အချိန်မှာ ခြောက်လကနေ တစ်နှစ်လောက် အိတ်နဲ့ မစင်စွန့်ရမယ်၊ မလုပ်ရင် စကားပြော ဆွံ့အမယ်၊ ဉာဏ်ရည်နိမ့်ကျတာတွေပါ ဖြစ်လာမယ်ဆိုတဲ့ ဆရာဝန်တစ်ဦးရဲ့ ဆုံးဖြတ်ချက်ကြောင့် မိဘတွေ ငွေကုန် လူပန်းဖြစ်ခဲ့ရပုံဟာ ဒီခရီးသွားဆောင်းပါး ရေးဖို့ အကြောင်းဖန်လာတာပါပဲ။) လေယာဉ် ဝေဟင်ထဲပျံတက်ဖို့ ပြေးလမ်းပေါ် အရှိန်မြှင့် မောင်းနှင်လိုက်တဲ့အခါ သားပူတူးတစ်ယောက် တဟားဟား ရယ်နေပါတော့တယ်။ လေယာဉ်ဘီး မြေပြင်ပေါ်ကနေ စကြွသွားတာနဲ့ လေယာဉ်ပြတင်းပေါက်ကနေ အောက်မှာ မြင်နေရတဲ့ အဆောက်အအုံခေါင်မိုးတွေကို စူးစမ်းကာ လိုက်ကြည့်နေ ပါတော့တယ်။ ငါးနှစ်သားအရွယ် ကလေးတစ်ယောက်အတွက် သူ့ဘဝမှာ ပထမဆုံး မြင်ဖူးတဲ့ ဝေဟင်မြင်ကွင်းဖြစ်နေတာကြောင့် ဘာကိုမှ...

သီပေါအကျဉ်းသားများထံမှ အပြန် အပိုင်း(၃)

လားရှိုးအထက် ခရီးဆက် တည်းခိုသည့်ဟိုတယ်တွင် နံနက်စာ ဝန်ဆောင်မှု တစ်ပါတည်း ပါဝင်ပြီးသားဖြစ်သော်လည်း လူညီသည့် ကျွန်မတို့ အဖွဲ့သည် နောက်နေ့နံနက်တွင် လားရှိုးဈေးသို့ အပြေးသွားကာ ရှမ်းခေါက်ဆွဲစားကြသည်။ ရှမ်းပြည်နယ်၏ ထွက်ကုန် များဖြစ်သည့် ပဲကြီးကြော်၊ နေကြာ စေ့လှော်၊ မက်မွန်သီး၊ လက်ဖက် စသည်များကို တနင့်တပိုးသယ်ကာ ဈေးထဲမှ ပြန်ထွက်ခဲ့ကြသည်။ ကိုဇေယျာလှိုင်က မိဘများအတွက်ဟုဆိုကာ မက်မွန်သီးအလုံးလှလှကြီးများကို အိတ်ကြီးတစ်လုံးနှင့်တပွေ့ကြီး ဝယ်ချလာသည်။ လျှောက်လည်ကြမည့် ကျွန်မတို့ကို လိုက်ပို့ပေးမည့် လားရှိုးနယ်မြေခံ ညီမငယ်နှစ် ယောက်က မုန့်များ၊ အအေးများ အထုပ်လိုက်ဆွဲကာ ရိက္ခာဖြည့်လာသည်။ Photo – Kyaw Zayar Htun                      လားရှိုးဈေးထဲက ပလောင်အမျိုးသမီး ပြီးလျှင် လားရှိုး-သိန္နီ...

သီပေါအကျဉ်းသားများထံမှ အပြန် အပိုင်း(၂)

အငြင်းပွားဖွယ်ရာ သက်သေများ နာရီဝက်ခန့် အားရပါးရ ရွာချပြီးနောက် တဖြည်းဖြည်းနှင့် မိုးတိတ်သွားသည်။ နေအနည်းငယ် ပြန်ပွင့်လာသည်။ တရား ခွင်ထဲမှ အသံများကို ကြားရချိန်တွင် တရားလိုပြသက်သေ တပ် မတော်အရာရှိသည် ဖမ်းဆီးခံထားရသူများထံမှ ရရှိသော သက်သေခံပစ္စည်းများနှင့်ပတ်သက်၍ ထွက်ဆိုလျက်ရှိသည်။ မည်သို့ ဖမ်းဆီးသည်၊ မည်သည့်အတွက် ဖမ်းဆီးသည်၊ မည်သည့်အရာများကို သိမ်းဆည်းရမိသည် စသည့်အချက်များကို ထွက်ဆိုသည်။ သိမ်းဆည်းလိုက်သည့် လက်ကိုင်ဖုန်း၊ ကွန်ပျူတာ၊ ကင်မရာ၊ အသံဖမ်းစက် စသည့် အရာများအတွင်းမှ အသံဖိုင်၊ ဓာတ်ပုံ၊ ဗီဒီယိုစသည့်  မူလသက်သေခံအချက်အလက်များကို ဖျက်ဆီးပစ်လိုက်ကြောင်း လည်း ထွက်ဆိုသည်။ Photo – Kyaw Zayar Htun                   သီပေါတရားရုံးသို့ ရောက်လာသည့် ဖမ်းဆီးခံ...

သီပေါအကျဉ်းသားများထံမှ အပြန်

ရှမ်းပြည်နယ်သို့ အလည်အပတ်ခရီး၊ အလုပ်ကိစ္စ၊ သင်တန်းတက်ရန် စသဖြင့် သုံးကြိမ်ထက်မနည်း ရောက်ဖူးသည်။ အတိအကျ ဆိုရလျှင် ငေးမျှော်မငြီးနိုင်ဖွယ် ရှုခင်းများရှိရာ ရှမ်းပြည်တောင်ပိုင်းသို့ ရောက်ဖူးခြင်းဖြစ်သည်။ ရှမ်းပြည်နယ်သို့ သွားရောက်ရန် အကြောင်းဖန်လာတိုင်း ရှမ်းပြည်တောင်ပိုင်းသို့သာ သွားရသည်ချည်းဖြစ်၏။ တောင်ကြီး၊ ပင်းတယ၊ အောင်ပန်း၊ ကလော စသဖြင့်။ Photo – Kyaw Zayar Htun ရှမ်းပြည်နယ်မြောက်ပိုင်းသို့ တစ်ကြိမ်တစ်ခါမျှ မရောက်ဖူးခဲ့ပါပေ။ အချိန်ရသည့် တစ်နေ့ကျလျှင် နာမည်ကျော် မူဆယ်နမ့်ခမ်းလမ်း ရှိရာဆီသို့ ခရီးနှင်ဦးမည်ဟု တေးထားခဲ့ပေါင်းလည်းများပြီ။ သို့သော် ခြေဦးလှည့်ရန် အခွင့်မသာခဲ့။ ဟော…ယခုတော့ ခရီးထွက်ရန် အကြောင်းဖန်လာပြီဖြစ်သည်။ သို့သော် အပျော်ခရီး၊ အလည်ခရီးကား မဟုတ်။ လွန်ခဲ့သည့် လအနည်းငယ်က...

ကာစီနိုမှာ တစ်ညတာ

ဒေါက်တာလဲ့လဲ့မော် တိုင်းဒေသကြီး အစိုးရအဖွဲ့သစ်က ကော့သောင်းဟာ လောင်းကစားဝိုင်းတွေနဲ့ ဒေသအဖြစ်မခံနိုင်လို့ဖျက်သိမ်းမယ်လို့ ကြွေးကြော်ခဲ့ပေမယ့် လက်ရှိ အခြေအနေအထိတော့ ထူးခြားမှု မရှိသေးပါဘူး။

မုတ်သုန်မိုးနှင့်အတူ ချင်းတောင်တန်းများဆီသို့

ကျွန်တော့်စိတ်ထဲမှာ ချင်းပြည်နယ်ရဲ့ အေးစိမ့်စိမ့်ရာသီဥတုတွေ၊ ညို့ ညို့ဆိုင်းဆိုင်းတောင်တန်းကြီးတွေ၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုတွေ၊ ဒေသခံတွေရဲ့ ပွင့်လင်းရိုးသားမှုတွေကိုတော့ အမှတ်ရနေမိတယ်။

မြိတ်ကျွန်းစုမှ အပျိုစင်ကျွန်းများသို့တစ်ခေါက်

မီးခိုးမထွက်တဲ့ စီးပွားရေးလို့ တင်စားကြတဲ့ ခရီးသွားလုပ်ငန်းတွေ ပိုပြီး ဖွံဖြိုးလာရင် ဒေသအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါများလာနိုင်

တားမြစ်မိုင်များသို့ တစ်ခေါက်

ကျွန်မလိုပဲ လူတိုင်းကကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးတွေနဲ့ ကိုယ်ရွေးချယ်ထားတဲ့ အစိုးရလက်ထက်မှာ ကိုယ့်အစိုးရပိုင်တဲ့ မြေမှာ အသက်ကို ဖက်နဲ့ထုပ်ပြီး ခရီးသွားနေရတဲ့ ဘဝအမျိုးအစား၊ လွတ်လွတ်လပ်လပ် သွားလာချင်ကြမှာပဲလို့ပဲ မြင်မိပါတော့တယ်။

မိုင်းလားသွား  တောလား

ကာစီနိုလောင်း ကစားလုပ်ငန်းများ၊ မူးယစ်ဆေးမျိုးစုံ၊ ပြည့်တန်ဆာလုပ်ငန်းနှင့် မှောင်ခိုလုပ်ငန်းမျိုးစုံ၊ ဂိုဏ်းဂဏပေါင်းစုံကျက်စားသည့် ဂုဏ်ပုဒ် ဖြင့်နာမည်ကြီးပြီး သတင်းမီဒီယာများအား မလိုအပ်လျှင် လက် မခံသည့် နေရာလည်း ဖြစ်လေသည်။

ပျူမြို့တော်ဟောင်း ဟန်လင်းသို့ တစ်ခေါက်

ဧရာဝတီမြစ်ကမ်းဘေးမှာ မြို့ပြတစ်ခုအဖြစ် တည်ရှိခဲ့သည့် ဟန်လင်း။ မင်းဆက် ၇၉၉ ပါး  စိုးစံခဲ့တဲ့ ဟန်လင်း။ ဟံသာနဂရ၊ ကာမာဝတီ၊ ဟံသာပူရနှင့် ဟံလင်းမခေါက်  ဟူသော  မြို့ အမည်အမျိုးမျိုးဖြင့် လူ့သမိုင်းယဉ်ကျေးမှု ထွန်းကားတဲ့ ဟန်လင်း။ ခရစ်နှစ်မပေါ်မီ ဘီစီ ၂ ရာစုက စေတီ ၊ ကျောင်းသင်္ကန်း ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ် အထောက်အထားတွေရှိတဲ့ ဟန် လင်း။ ဘာသာရေး၊ ယဉ်ကျေးမှု အဆောက်အအုံ၊ အနုပညာလက် ရာများကို သက်သေတွေနဲ့ ပြဆို နေတဲ့ ဟန်လင်း။ အဆိုပါ ဝိသေသတွေရှိသော ဟန်လင်းမြို့ဟောင်းသည် ၂ဝ၁၄ ခုနှစ်တွင် ဗိဿနိုးမြို့ဟောင်း၊ သရေခေတ္တရာမြို့ဟောင်း တို့နှင့်အတူ ကမ္ဘာ့ယဉ်ကျေးမှု...