Category: ကဗျာ

0

အရုပ်တွေ

မြို့ထဲမှာ အရုပ်တွေ ရောက်နေပြီ   ဆက်ဆံရေးက နူးညံ့တယ် အနောက်တိုင်းဝတ်စုံ ဝတ်ထားတယ် မြန်မာစကားကို ပြောတယ် Illustration – Tin Min Aung လက်ဆွဲနှုတ်ဆက်တယ် မျက်လုံးတွေက မိုးပေါ်ကို ကြည့်တယ်   အရုပ်တွေဟာ ညင်ညင်သာသာနဲ့ ရှေးဟောင်းကုလားထိုင်တွေပေါ်မှာ တက်ထိုင်တယ် ဂျိမ်းစ်ဘွန်းရုပ်ရှင်ထဲက ကြောင်ကို ပွတ်သလို ရှေးဟောင်းကုလားထိုင်ကြီးကို ပွတ်တယ်   ရှေးဟောင်းတွေ ရှေးဖြစ်တွေ ရှေးရှေးကနေ စလို့ အရုပ်တွေ ဖြစ်လာတဲ့အကြောင်းကို ပြောတယ် အရုပ်တွေ ပြောတာက တဖြည်းဖြည်းနဲ့ အရုပ်လုံး ပေါ်လာတယ် လူဆိုတာ အရုပ်တွေကနေ ဆင်းသက်လာတာတဲ့   အရုပ်တွေက စကားပြော သိပ်ကောင်းတယ်  ...

ကြောင်များ လူများ သက္ကရာဇ်များ

ကျွန်တော်တို့ နေထိုင်ရာ လောကကြီးက

တစ်ခါတစ်ရံမှာ ဒီလိုပဲ ဖြစ်နေကျဆိုတော့

ဒီအကြောင်းကို ဘယ်သူကမှ အထူးအဆန်းတစ်ခုလို ပြောမနေကြ

ကြာတော့လည်း မေ့မေ့ပျောက်ပျောက် ဖြစ်သွားကြ

စံပြကျေးရွာ

ချောင်းရေကလည်း မကြည်လင် မအေးမြနိုင်တော့ပါဘူး

စက်ရုံတွေက ထွက်တဲ့ စွန့်ပစ်ရေဆိုးတွေနဲ့ မည်းညစ်

ရေထဲက ငါး၊ ပုစွန်တွေလည်း အဆိပ်သင့်လို့

မျိုးတုံးလွင့်ပျောက်ကုန်ကြပြီ

ပြေးနေတဲ့ ရန်ကုန်

အဟောင်းထဲကနေ အသစ်ဆီကို ခုန်ထွက်လာတဲ့ ရန်ကုန်

ဒါပေမဲ့ အပြောင်းအလဲနဲ့ ဗလောင်းဗလဲတွေကြားမှာ

သောင်းသောင်းသဲသဲ လှုပ်ရှားနေတဲ့ ရန်ကုန်

နည်းနည်းတော့ ကြမ်းမယ်ဆရာ

သူ့ဆန်စားတော့ ရဲတဲ့ ကိုယ့်ဆန်ကိုယ်စားနေသူတွေချည်းပဲ

တစ်ပတ်လှည့်ပြီး ပါးရိုက်ခံနေရတုန်း

သစ္စာတရားကို နဖားကြိုးလုပ်ထိုးခံနေရတုန်း

သူဘယ်သူလဲ

လူ့သမိုင်းခေတ်တွေ တစ်ခေတ်ပြီး တစ်ခေတ်

ယဉ်ကျေးမှုသစ်တွေ အဆင့်ဆင့် မြင့်မားရစ်ဖို့

ရင်ဘတ်ပေါ်မှာ အက္ခရာ ထုဆစ်တဲ့သူဟာ သူပါ။

ဇာတ်လမ်းများ၏ အရွေ့

အဖမ်းခံထားရတဲ့ လူဆိုးဟာ အခွင့်ကောင်းယူလို့

ရဲအရာရှိ ခါးမှာ ချိတ်ထားတဲ့ သေနတ်ကို လုယူဆွဲဖြုတ်

ပြီး အဲဒီ ရဲအရာရှိကို ချိန်လို့ ခလုတ်ဆွဲညှစ်ခဲ့။

လူကြိုက်များတဲ့ သီချင်းတစ်ပုဒ်ထဲက တိမ်ပြာပြာနေ့တစ်နေ့မှာ

ပင်လယ်ကမ်းခြေမှာ အပန်းဖြေ ဟန်းနီးမွန်းထွက်နေသူ
ထီဆုကြီးပေါက်ကာ အူမြူးဝမ်းမြောက်လို့ နေလေသူ
ထီးမွေနန်းလျာဆက်ခံပြီး ဘုရင်သစ်အဖြစ် နန်းတက်လေသူ
သူတို့ဟာ လူအများကြီးထဲက အနည်းစုမျှသာလား
အားမငယ်ပါနဲ့၊ စိတ်ဓာတ်မကျပါနဲ့
ကံကောင်းခြင်းဟာ တစ်နေ့တော့
သင့်ထံကိုလည်း ဆိုက်ရောက်လို့ လာမှာ မလွဲပါ