Category: သတင်းဆောင်းပါး

ပျံမတက်နိုင်သေးသည့် SME ဂျက်လေယာဉ်

ရန်ကုန် (နိုဝင်ဘာ၊ ၂ဝ၁၇) အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေဟာ တိုင်းပြည်စီးပွားရေးရဲ့ အဓိကအသက် သွေးကြောတွေ ဖြစ်တယ်လို့ တက်လာတဲ့ အစိုးရတိုင်းက ပြောဆိုကြပေမယ့် ဒီနေ့အထိတော့ ဒီလုပ်ငန်းတွေဟာ လုံလောက်၊ ထိရောက်တဲ့ ပံ့ပိုးမှုမျိုး မရရှိကြသေးဘူးလို့ စီးပွားရေးပညာရှင်တွေက ပြောဆိုကြပါတယ်။ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်တွေရဲ့ နှစ်ပေါင်း ၅ဝ ကျော်လောက် ကြီးစိုးမှုအောက်မှာ ချွတ်ခြုံကျခဲ့တဲ့ နိုင်ငံစီးပွားရေးကိုပြန်လည် ဦးမော့လာစေဖို့ ၂ဝ၁၁ မှာ တက်လာခဲ့တဲ့ သမ္မတဦးသိန်းစိန်အစိုးရဟာ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့ပါတယ်။ Photo – Zayar Hlaing  ဒီအထဲမှာ အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေ (Small and Medium Enterprise – SME)...

အနှစ်မရှိ အဆံချောင် သရော်လှောင်ပြောင်ဇာတ်ကားများ ရပ်

နိုဝင်ဘာ ၂ဝ၁၇ ဆိုဖာခုံနှင့် နံရံတွေကိုအနီရောင်တို့ဖြင့်အလှဆင်ကာ နီယွန်မီးများ ထွန်းထားသော ကေတီဗီဟု ယူဆရသည့် အခန်းတစ်ခုတွင် အမျိုးသားလေးဦး ထိုင်နေသည်။ သူတို့ရှေ့ရှိ စားပွဲပေါ်မှာတော့ အရက်ပုလင်းနှင့် အမြည်းပန်းကန်များက အပြည့်။ အလယ်တွင် ထိုင်နေသူနှစ်ဦးမှာ လက်ချောင်းတွေကို ကောက်ကွေးထားပြီး စကားပြောသည့်အခါတွင်လည်း မဲ့ရွဲ့ကာ အာလေး၊ လျှာလေးဖြင့် အားယူပြီး စကားပြောနေကြသည်။ Photo – ကို့ယို့ကားယား ဇာတ်လမ်းကြော်ငြာမှ ဇာတ်ဝင်ခန်းတစ်ခု၏ Screenshot ၎င်းတို့နှစ်ဦးအနက် တစ်ဦးက ဘေးနားတွင် ထိုင်နေသည့် သူ့အဖော်နားကပ်ပြီး ”စော်လေးယောက်ခေါ်ပေး”ဟု ဆိုလိုက်သည်။ အပြောခံရသူက အံ့သြသွားသည့် အမူအရာလုပ်ပြီး ”အာ…သူ့ကြည့်တော့လည်း မစွမ်းမသန်နဲ့ ဘယ်လိုတွေ ပြောနေတာလဲ”ဟု ဆိုလိုက်သည်။ ယင်းဇာတ်ဝင်ခန်းသည် ဒါရိုက်တာပြည်ဟိန်းသီဟမှ ရိုက်ကူးပြီး...

ရွှေဖော့ရိုးနှင့် နှက်ရမှာ ဝါးရင်းတုတ်ဖြင့် ရိုက်သောအခါ

ရန်ကုန်(နိုဝင်ဘာ၊ ၂ဝ၁၇ ) (ဒဂုံတောင် အောင်ဗောဓိဘုရားအလှူခံပုံးထဲက ငွေကျပ်သုံးရာယူခဲ့မိတဲ့ ကလေးသုံးယောက်ကို ဖမ်းဆီးချုပ်နှောင်ခြင်း ခံရအောင် ဂေါပကလူကြီးက အတင်းအကျပ် ပြုလုပ်ခဲ့တာကြောင့် ကလေးငယ်တွေမှာ စိတ်ပိုင်းဆိုင်ရာဒဏ်ရာတွေ ဘယ်လိုဖြစ်လာနိုင်သလဲဆိုတဲ့ ဇာတ်လမ်းပဲ ဖြစ်ပါတယ်။) ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်ခုနစ်ဘီလီယံကျော် ပျောက်ဆုံးခဲ့လို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေကို အမှုဖွင့်တရားစွဲတာမျိုး မလုပ်ခဲ့ပေမယ့် ငွေကျပ်သုံးရာယူတဲ့ ကလေးသုံးယောက်ကို ဖမ်းဆီးအမှုဖွင့်ကာ အချုပ်ခန်းထဲ ထည့်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု ရန်ကုန်မြို့မှာ ရှိခဲ့ပါတယ်။ Photo – Banyar Kyaw စက်တင်ဘာ ၁၃ ရက်က ဒဂုံမြို့သစ်(တောင်ပိုင်း)၊ အောင်ဗောဓိဘုရားဝင်းထဲရှိ အစ်မတော်မြနန်းနွယ် နတ်နန်းအလှူခံပုံးထဲက ငွေကျပ်သုံးရာယူတဲ့ ကလေးသုံးယောက်ကို ဘုရားဂေါပကအဖွဲ့က ဖမ်းဆီးအမှုဖွင့်ပြီး အချုပ်ခန်းထဲကို ထည့်ခဲ့တာပါ။ ပထမအကြိမ်...

ရခိုင်ဒေသ ပဋိပက္ခချုပ်ငြိမ်းရေးနဲ့ ARSA ပြဿနာ

ရန်ကုန်(နိုဝင်ဘာ၊ ၂ဝ၁၇) ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ သြဂုတ် အတွင်းက အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှုတွေ ပြုလုပ်ခဲ့တဲ့ Arakan Rohingya Salvation Army (ARSA) အဖွဲ့ရဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေး နွေးချင်ပါတယ်ဆိုတဲ့ ထုတ်ပြန်ပြောဆိုမှုအပေါ် အစိုးရ၊ တပ်မတော်တို့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေက လက်မခံနိုင်ဘူးလို့ ဆိုကြပါတယ်။ Photo – Zay Yar ARSA အဖွဲ့က တိုက်ခိုက်သတ်ဖြတ်မှုတွေကို ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နေရာအနှံ့ပြုလုပ်ခဲ့ပြီး စက်တင်ဘာ ၉ ရက်ကစလို့ တစ်လကြာ တစ်ဖက်သတ် အပစ်ခတ်ရပ်စဲတယ်လို့ ကြေညာခဲ့ပါတယ်။ တစ်လမပြည့်ခင် နှစ်ရက်အလိုမှာတော့ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးချင်ပါတယ်လို့ ကြေညာချက် ထုတ်ပြန်လာတာ ဖြစ်ပါတယ်။ ဒီလိုလုပ်တာဟာ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့...

အိမ်ရှင်ကနှိပ်စက်၊ ဥပဒေက မျက်ကွယ်ပြု၊ ထုထောင်းသမျှ ခံနေရ သက်ငယ် အိမ်အကူများဘဝ

သိန်းသုံးရာဆိုသည့်ဝင်ငွေသည် မိသားစုဆယ့်နှစ်ယောက်ရှိသော ဒေါ်ခင်စောလှအတွက် မစား မသောက်ဘဲခြောက်နှစ်နီးပါး စုဆောင်းမှရမည့် ငွေပမာဏဖြစ်သည်။ ထိုငွေကို တစ်ရက်တည်းနှင့် ရနိုင်မည့်အခွင့်အရေးတစ်ခုကို ရရှိခဲ့သော် လည်း သူငြင်းပယ်ခဲ့သည်။ ထိုငွေကြေးက လျော်ကြေးပေးရန် လာရောက်ကမ်းလှမ်းခဲ့သော ငွေဖြစ်ပြီး သုံးကြိမ်တိုင်တိုင် လာရောက်ညှိနှိုင်းခြင်းကို သူက ခေါင်းခါခဲ့ခြင်းဖြစ်သည်။ Photo – Zayar Hlaing  ပြီးခဲ့သည့်နှစ်က ၁၃ နှစ်အရွယ် သူ့သမီးငယ် မစုမမလှိုင်သည် တာမွေမြို့နယ်ရှိ အိမ်တစ်အိမ်တွင် အိမ်အကူအဖြစ် သုံးလကျော်သွားရောက်လုပ်ကိုင်ရင်း အနှိပ်စက်ခံခဲ့ရသည်။ ထိုအိမ်ရှင်များက မစုမမလှိုင်အား တစ်နေ့ထမင်းတစ်နပ်သာ ကျွေးခြင်း၊ မိုးလင်းမှ ညဥ့်နက်သည်အထိ ခိုင်းစေခြင်းနှင့် သူ၏ဘယ်ဘက်ပေါင်တွင် အပ်ဖြင့် နှစ်ကြိမ်တိုင်တိုင် ထိုးသွင်းနှိပ်စက်ခဲ့သဖြင့် ပြင်ပဒဏ်ရာနှင့် စိတ်ဒဏ်ရာများ ရရှိခဲ့သည်။ ထို့အတွက်...

တိုင်းဧရာအစိုးရ မေးခွန်းထုတ်ခံနေရတဲ့ လယ်ယာမြေအရေး

ရွှေကျွန်းသာ (စက်တင်ဘာ၊ ၂ဝ၁၇) ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့အောက်ပိုင်း၊ ပင်လယ်ဘက်ကို မြစ်ကြောင်းတစ်လျှောက် စက်လှေနဲ့ ဆင်းသွားတဲ့အခါ အနီရောင်ဆိုင်းဘုတ်တွေ ဟိုနားတစ်ခု၊ ဒီနားတစ်ခု ထိုးထိုးထောင်ထောင် စိုက်ထူထားတဲ့ ကျွန်းတစ်ကျွန်းကို တွေ့ကြရပါလိမ့်မယ်။ ဒီဆိုင်းဘုတ်တွေပေါ်မှာ ရေးထားတာကတော့ ခွင့်ပြုချက်မရှိဘဲ သစ်တောကြိုးဝိုင်းအတွင်း ကျူးကျော်ဝင်ရောက်တာ၊ တဲအိမ်ဆောက်တာ၊ ငါးဖမ်းတာ၊ ကဏန်းထောင်တာ၊ ဖြတ်သန်းသွားလာတာတွေ မလုပ်ဖို့နဲ့ ဆောက်လုပ်ထားတဲ့ အိမ်တွေကို ဖျက်သိမ်းပေးဖို့ ထုတ်ပြန်ထားပါတယ်။ အမိန့်စာရဲ့ အောက်ဆုံးမှာတော့ မြို့နယ်အုပ်ချုပ်ရေးမှူး ကျော်ဆန်းကျော် (ပ/၄၂၄၉) ဆိုပြီး ရေးထားပါတယ်။ Photo – Kyaw Zayya ဒီအမိန့်ထုတ်ပြန်ထားတဲ့ ကျွန်းရဲ့နာမည်က ရွှေကျွန်းသာလို့ ခေါ်ပါတယ်။ ဒီကျွန်းဟာ အကျယ်အဝန်းအားဖြင့် ဧက ခုနစ်ထောင်ကျော်ကျယ်ဝန်းပြီး ဒီအထဲက...

အကြမ်းဖက်ဝါဒနှင့် တအုံနွေးနွေး  ရခိုင်အရေး

ရခိုင်ပြည်နယ်သည် သဘာဝတရားက ပေးထားသည့် တောတောင်၊ ရေမြေ၊ သဘာဝသယံဇာတ ပေါကြွယ်ဝသော ပြည်နယ်တစ်ခုဖြစ်သော်လည်း ထိုအရာများနှင့် ဆန့်ကျင်ဘက်ဖြစ်သည့် ဒုက္ခမျိုးစုံကို ရခိုင်ပြည်သူလူထုက ရင်ဆိုင် ကြုံတွေ့နေရသည်။ မြန်မာနိုင်ငံ၏ ဒုတိယ အဆင်းရဲဆုံး ပြည်နယ်တစ်ခုလည်းဖြစ်ပြီး ကုလသမဂ္ဂ၏စာရင်းများအရ နေရပ်စွန့်ခွာဒုက္ခသည် တစ်သိန်းနှစ်သောင်းခန့်ကို ရင်ဝယ်ပိုက်ထားရသည်။ Photo – Khin Maung Myint ရခိုင်ပြည်နယ်၏ မြို့နယ်တချို့တွင် အုပ်ချုပ်ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်းအေးချမ်းရေးတို့ ပျောက်ကွယ်လာနေပြီး လူထု၏ အသက်အိုးအိမ်လုံခြုံရေးကို ခြိမ်းခြောက်လာသည့် အကြမ်းဖက်မှုများမှာလည်း တဖြည်းဖြည်း ပိုမိုဆိုးရွားလာခဲ့သည်။ အပြစ်မဲ့ပြည်သူအချို့အသတ်ခံရသည်၊ အချို့ အသက်လုပြီး ထွက်ပြေးကြရသည်ဟု အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီ၏ ထုတ်ပြန်ချက်များတွင် တွေ့နေရသည်။ ၂ဝ၁၆ အောက်တိုဘာတွင်...

ငြိမ်းချမ်းမှုတွေပြာကျသွားတဲ့ အင်းဒင်ရွာလေး

ရခိုင်နဲ့ ဘင်္ဂါလီတွေကြား ပဋိပက္ခမဖြစ်ခဲ့ဘဲ ငြိမ်းချမ်းစွာအပြန်အလှန် အမှီသဟဲပြု ရပ်တည်နေထိုင်ခဲ့တဲ့ အင်းဒင်ဆိုတဲ့ကျေးရွာလေးဟာ ၂၀၁၇ အကြမ်းဖက်ခံရမှုဖြစ်စဉ်မှာတော့ နှစ်ဖက်လူ့အဖွဲ့အစည်းကြား ယုံကြည်မှုနဲ့ငြိမ်းချမ်းမှုတွေ ပျောက်ဆုံးသွားခဲ့ရပါပြီ။

ဦးဝီရသူက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ရှင်မောဂ္ဂလန်နှင့်ခိုင်းနှိုင်း

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်း၍လည်း ဦးဝီရသူက “မောင်တောမြို့ကြီး အချုပ်အခြာအာဏာ အထိခိုက်ခံမလား၊ အကျဆုံးခံမလား၊ စစ်အုပ်ချုပ်ရေးပြဋ္ဌာန်းပေးမလား မယ်မင်းကြီးမ ကြိုက်ရာရွေး လိုက်ပါ” ဟု မိန့်ကြားခဲ့သည်။

“တစ်ပတ်လောက်သာထားရင် ထမင်းငတ်လို့ သေရင်သေ မသေရင် အကြမ်းဖက်ခံရလို့ သေနိုင်တယ်”

နောက်ထပ် တစ်ပတ်လောက်သာထားရင် ထမင်းငတ်လို့ သေရင်သေ၊ မသေရင် အကြမ်းဖက်ခံရလို့ သေနိုင်တယ်။ အစိုးရတာဝန်ရှိသူတွေကို ပြောချင်ပါတယ်။ ကျွန်တော်တို့ကို ဒီမလုံခြုံတဲ့နေရာကနေ လုံခြုံတဲ့နေရာကိုပို့ပေးဖို့ တောင်းဆိုပါတယ်။