Author: Mawkun Team

0

အသွင်ကူးပြောင်းရေး စစ်တမ်း

၂ဝ၁၇ သြဂုတ် ၁၁ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန ၂ (MICC 2) မှာ မြန်မာ့ဒီမိုကရေစီကူးပြောင်းရေး ဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲ (Forum on Myanmar Democratic Transition) ဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့ပါတယ။်  ဒီအခမ်းအနားကို ကျင်းပရာမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။ ဒီလို ပြောကြားရာမှာ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်မှာ အရေးတကြီး ပြန်လည်သုံးသပ်ရမယ့် အဓိက လုပ်ငန်းသုံးရပ် ရှိနေတယ်။ Illustration –  MAUNG NOE (၁) စစ်ဘက်အုပ်ချုပ်မှုမှ အရပ်ဘက်အုပ်ချုပ်မှုသို့ အသွင်ကူးပြောင်းရေး (၂) ဗဟိုဦးစီးစနစ်စီးပွားရေးမှ ဈေးကွက်စီးပွားရေးသို့ အသွင်ကူးပြောင်းရေး...

0

၂၀၁၇-အောက်တိုဘာလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၀) မှ ကာတွန်း ဖြစ်ပါသည်။   သီဟ(စခန်းသစ်) 2017 

0

၂၀၁၇-အောက်တိုဘာလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၀) မှ ကာတွန်း ဖြစ်ပါသည်။   သီဟ(စခန်းသစ်) 2017 

0

၂၀၁၇-အောက်တိုဘာလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၀) မှ ကာတွန်း ဖြစ်ပါသည်။   သီဟ(စခန်းသစ်) 2017 

0

၂၀၁၇-အောက်တိုဘာလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၀) မှ ကာတွန်း ဖြစ်ပါသည်။ သီဟ(စခန်းသစ်) 2017 

0

၂၀၁၇-အောက်တိုဘာလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၀) မှ ကာတွန်း ဖြစ်ပါသည်။   သီဟ(စခန်းသစ်) 2017 

0

အိမ်ရှင်ကနှိပ်စက်၊ ဥပဒေက မျက်ကွယ်ပြု၊ ထုထောင်းသမျှ ခံနေရ သက်ငယ် အိမ်အကူများဘဝ

သိန်းသုံးရာဆိုသည့်ဝင်ငွေသည် မိသားစုဆယ့်နှစ်ယောက်ရှိသော ဒေါ်ခင်စောလှအတွက် မစား မသောက်ဘဲခြောက်နှစ်နီးပါး စုဆောင်းမှရမည့် ငွေပမာဏဖြစ်သည်။ ထိုငွေကို တစ်ရက်တည်းနှင့် ရနိုင်မည့်အခွင့်အရေးတစ်ခုကို ရရှိခဲ့သော် လည်း သူငြင်းပယ်ခဲ့သည်။ ထိုငွေကြေးက လျော်ကြေးပေးရန် လာရောက်ကမ်းလှမ်းခဲ့သော ငွေဖြစ်ပြီး သုံးကြိမ်တိုင်တိုင် လာရောက်ညှိနှိုင်းခြင်းကို သူက ခေါင်းခါခဲ့ခြင်းဖြစ်သည်။ Photo – Zayar Hlaing  ပြီးခဲ့သည့်နှစ်က ၁၃ နှစ်အရွယ် သူ့သမီးငယ် မစုမမလှိုင်သည် တာမွေမြို့နယ်ရှိ အိမ်တစ်အိမ်တွင် အိမ်အကူအဖြစ် သုံးလကျော်သွားရောက်လုပ်ကိုင်ရင်း အနှိပ်စက်ခံခဲ့ရသည်။ ထိုအိမ်ရှင်များက မစုမမလှိုင်အား တစ်နေ့ထမင်းတစ်နပ်သာ ကျွေးခြင်း၊ မိုးလင်းမှ ညဥ့်နက်သည်အထိ ခိုင်းစေခြင်းနှင့် သူ၏ဘယ်ဘက်ပေါင်တွင် အပ်ဖြင့် နှစ်ကြိမ်တိုင်တိုင် ထိုးသွင်းနှိပ်စက်ခဲ့သဖြင့် ပြင်ပဒဏ်ရာနှင့် စိတ်ဒဏ်ရာများ ရရှိခဲ့သည်။ ထို့အတွက်...

0

တိုင်းဧရာအစိုးရ မေးခွန်းထုတ်ခံနေရတဲ့ လယ်ယာမြေအရေး

ရွှေကျွန်းသာ (စက်တင်ဘာ၊ ၂ဝ၁၇) ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့အောက်ပိုင်း၊ ပင်လယ်ဘက်ကို မြစ်ကြောင်းတစ်လျှောက် စက်လှေနဲ့ ဆင်းသွားတဲ့အခါ အနီရောင်ဆိုင်းဘုတ်တွေ ဟိုနားတစ်ခု၊ ဒီနားတစ်ခု ထိုးထိုးထောင်ထောင် စိုက်ထူထားတဲ့ ကျွန်းတစ်ကျွန်းကို တွေ့ကြရပါလိမ့်မယ်။ ဒီဆိုင်းဘုတ်တွေပေါ်မှာ ရေးထားတာကတော့ ခွင့်ပြုချက်မရှိဘဲ သစ်တောကြိုးဝိုင်းအတွင်း ကျူးကျော်ဝင်ရောက်တာ၊ တဲအိမ်ဆောက်တာ၊ ငါးဖမ်းတာ၊ ကဏန်းထောင်တာ၊ ဖြတ်သန်းသွားလာတာတွေ မလုပ်ဖို့နဲ့ ဆောက်လုပ်ထားတဲ့ အိမ်တွေကို ဖျက်သိမ်းပေးဖို့ ထုတ်ပြန်ထားပါတယ်။ အမိန့်စာရဲ့ အောက်ဆုံးမှာတော့ မြို့နယ်အုပ်ချုပ်ရေးမှူး ကျော်ဆန်းကျော် (ပ/၄၂၄၉) ဆိုပြီး ရေးထားပါတယ်။ Photo – Kyaw Zayya ဒီအမိန့်ထုတ်ပြန်ထားတဲ့ ကျွန်းရဲ့နာမည်က ရွှေကျွန်းသာလို့ ခေါ်ပါတယ်။ ဒီကျွန်းဟာ အကျယ်အဝန်းအားဖြင့် ဧက ခုနစ်ထောင်ကျော်ကျယ်ဝန်းပြီး ဒီအထဲက...

0

ငယ်ငယ်ကမိုးရာသီ

ရာသီသုံးပါးတွင် ကျွန်တော် အမုန်းဆုံးက မိုးရာသီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အလုပ်တက်အလုပ်ဆင်း မိုးရွာထဲ လမ်းလျှောက်ရသည့် ဒုက္ခ၊ ကားတိုးစီးရသည့် ဒုက္ခကို မခံစားနိုင်၍ ဖြစ်သည်။ လမ်းလျှောက်နေတုန်း ကားများ မဆင်မခြင်မောင်း၍ ရေတွေ စင်ကုန်သည့်အခါလည်း ဒေါသထွက်ရသည်။ မိုးသည်းသည်းမှာ အဝတ်အစားတွေ ရေစိုသောကြောင့် လဲရသည်ကိုလည်း စိတ်ကုန်၏။ အဆိုးဆုံးက လူကျပ်ကျပ် ဘတ်စ်ကားထဲ ထီး ရေစို၊ လူရေစိုတွေနဲ့ ကားတိုးစီးရတာပဲ ဖြစ်သည်။ Illustration – MAUNG NOE ယခင် မထသခေတ်တုန်းကဆို ဘတ်စ်ကားတွေက ပြတင်းပေါက်မကောင်း၊ ခေါင်မိုးက မလုံ။ ကားပေါ်မှာတင် မိုးရေချိုးခဲ့ရသည်။ ယခုတော့ YBS အဲကွန်းကားတွေနှင့်မို့ မိုးလုံလေလုံတော့ရှိသည်။ သို့သော်မိုးရေစိုစိုနှင့် အဲကွန်း...

0

အရုပ်တွေ

မြို့ထဲမှာ အရုပ်တွေ ရောက်နေပြီ   ဆက်ဆံရေးက နူးညံ့တယ် အနောက်တိုင်းဝတ်စုံ ဝတ်ထားတယ် မြန်မာစကားကို ပြောတယ် Illustration – Tin Min Aung လက်ဆွဲနှုတ်ဆက်တယ် မျက်လုံးတွေက မိုးပေါ်ကို ကြည့်တယ်   အရုပ်တွေဟာ ညင်ညင်သာသာနဲ့ ရှေးဟောင်းကုလားထိုင်တွေပေါ်မှာ တက်ထိုင်တယ် ဂျိမ်းစ်ဘွန်းရုပ်ရှင်ထဲက ကြောင်ကို ပွတ်သလို ရှေးဟောင်းကုလားထိုင်ကြီးကို ပွတ်တယ်   ရှေးဟောင်းတွေ ရှေးဖြစ်တွေ ရှေးရှေးကနေ စလို့ အရုပ်တွေ ဖြစ်လာတဲ့အကြောင်းကို ပြောတယ် အရုပ်တွေ ပြောတာက တဖြည်းဖြည်းနဲ့ အရုပ်လုံး ပေါ်လာတယ် လူဆိုတာ အရုပ်တွေကနေ ဆင်းသက်လာတာတဲ့   အရုပ်တွေက စကားပြော သိပ်ကောင်းတယ်  ...